This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 24, 2013

သီလ၀ါ၊ ထားဝယ်၊ ကျောက်ဖြူစသည့် ရေနက်ဆိပ်ကမ်းများအပြင် တနင်္သာရီ ကမ်းရိုးတန်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ရေနက်ဆိပ်ကမ်း စီမံကိန်းသစ်နှစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်

မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေသည့် သီလ၀ါ၊ ထားဝယ်၊ ကျောက်ဖြူစသည့် ရေနက်ဆိပ်ကမ်းများအပြင် တနင်္သာရီ ကမ်းရိုးတန်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းသစ်နှစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိပါသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့အကြားရှိ တနင်္သာရီ ကမ်းရိုးတန်းတွင် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံမှ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ငရုတ်ကောင်းအော်တွင် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း စီမံကိန်းအား စင်ကာပူနိုင်ငံမှ လည်းကောင်း အကောင်ဖော်ရန် စိတ်ဝင်စားမှု ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ Emerald Grand Hotel Group သည် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန်အတွက် ကုလားဂုတ်ဒေသတွင် ဖြစ်နိုင်ခြေ လေ့လာမှု ပြုလုပ်မည်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံမှ Super Axis Development pte.ltd ကုမ္ပဏီသည် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန် ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်သွားရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ယခုလအတွင်း သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်နိုင်ချေ လေ့လာမှုများတွင် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန်အတွက် ရေအားစမ်းသပ်မှု၊ မြေသားစမ်းသပ်မှု၊ လှိုင်းလေသက်ရောက်မှုများနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း တစ်ခုလုံး၏ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှုများအားလုံး ပါဝင်မည်ဖြစ်သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့အကြားရှိ တနင်္သာရီ ကမ်းရိုးတန်းတွင် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံမှ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ငရုတ်ကောင်းအော်တွင် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း စီမံကိန်းအား စင်ကာပူနိုင်ငံမှ လည်းကောင်း အကောင်ဖော်ရန် စိတ်ဝင်စားမှု ရှိနေကြောင်း၊ ခန့်မှန်းခြေအားဖြင့် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်းသည် တန်ချိန်ငါးသောင်းခန့်ရှိ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်မည်ဖြစ်ပြီး၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်းသည် တန်ချိန်ငါးသောင်းခန့်ရှိ နိုင်ငံတကာ ပင်လယ်ကူးသင်္ဘော အစီး ၃၀ တစ်ပြိုင်နက် ဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားခဲ့သည်။

လေ့လာတွက်ချက်မှုများ ပြီးစီးပါက စင်ကာပူနိုင်ငံမှ Super Axis Development pte.ltd ကုမ္ပဏီသည် ငရုတ်ကောင်းရေနက်ဆိပ်ကမ်း စီမံကိန်းအား လည်းကောင်း၊ ထိုင်းနိုင်ငံမှ Emerald Grand Hotel Group သည် ကုလားဂုတ် ရေနက်စီမံကိန်းအား လည်းကောင်း တည်ဆောက်ရန် စီစဉ်နေပြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် အဆိုပါ ရေနက်ဆိပ်ကမ်း စီမံကိန်းများအား BOT စနစ် (သို့မဟုတ်) Joint Venture စနစ်ဖြင့် တည်ဆောက်ရန် ဆက်လက်ဆုံးဖြတ်သွားမည်ဟု သိရသည်။

ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း စီမံကိန်းများတွင် စက်မှုဇုန် စီမံကိန်းများကိုပါ တည်ဆောက်ရန် စီစဉ်နေပြီး၊ အဆိုပါ စက်မှုဇုန် စီမံကိန်းများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မွန်ပြည်နယ် အစိုးရအဖွဲ့များနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

မန္တလေးနန်းရှေ့အိမ်၊ ခြံ၊ မြေဈေး အဆမတန်မြင့်တက်

ရန်ကုန်၊ သြဂုတ် ၂၃

အာရှသုံးနိုင်ငံ၏ စီးပွားရေးဗဟို ချက်ဖြစ်လာမည့် မန္တလေးမြို့တော် နန်းရှေ့ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ ပြီးခဲ့သည့် သုံးနှစ်ခန့်က ပေါက်ခဲ့သည့် အိမ်၊ ခြံ၊ မြေ၊ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်တက်သွားကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးနန်းရှေ့ အိမ်၊ ခြံ၊ မြေဈေး မြင့်တက်ရခြင်းမှာ နန်းရှေ့သည် မန္တလေး မြို့သစ်နှင့် နှိုင်းယှဉ်ပါက ဈေးချိုနှင့် ပိုနီးခြင်းကြောင့် နေထိုင်သူများ ဝယ်ယူမှု များလာပြီး ယင်းကဲ့သို့ ဈေးအဆမတန် မြင့်တက်သွားရခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေလင်းအောင်က ပြောကြားသည်။

“မြို့သစ်မှာ တစ်ထောင်၊ ထောင့်ငါးရာ ပေးနေမယ့်အစား မြို့သစ်ထက်စာရင် ဈေးချိုနဲ့နီးတဲ့ နန်းရှေ့မြေကွက်တွေကို နေသူတွေ ကြိုက်တဲ့သဘောပေါ့။ မြို့တွင်းမှာ အမွေဆိုင်ကို ရောင်းပြီးတဲ့သူတွေ အများစုက နန်းရှေ့ကြားကွက် တစ်ထောင်၊ ထောင့်ငါးရာတန်တွေ ဝယ်ကြတယ်” ဟု ဦးနေလင်းအောင်က ဆိုသည်။

လက်ရှိ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကျောက်မျက်လုပ်ငန်းရှင် များနှင့် ကောက်ပဲသီးနှံ ရောင်းဝယ်ရေး လုပ်ကိုင်သူများ အရောင်းအဝယ် ကောင်းနေသောကြောင့် နန်းရှေ့ အိမ်၊ ခြံ၊ မြေများ အပါအဝင် မြို့တွင်းနှင့် လယ်ယာမြေများ အရောင်းအဝယ် ကောင်းလျက် ရှိကြောင်း၊ ပြီးခဲ့သည့် အိမ်၊ ခြံ၊ မြေ ဈေးကောင်းခဲ့သည့် ၂၀၁၀ ပြည့်နှစ် အိမ်၊ ခြံ၊ မြေပေါက်ဈေး နှုန်းများကိုမီရန် ၁၀ ရာခိုင်နှုန်းခန့်သာ လိုတော့ကြောင်း မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဦးကျော်ဝင်းက ပြောကြားသည်။

မန္တလေးနန်းရှေ့ အိမ်၊ ခြံ၊ မြေ ပေါက်ဈေးများမှာ ပြီးခဲ့သည့် သုံးနှစ်ခန့်က ပေ ၃၀ ထ ၆၀ ကြားကွက် တစ်ကွက်လျှင် ကျပ်သိန်း ၅၀၀၊ ၆၀၀ ခန့်သာ ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်သိန်းတစ်ထောင် ဝန်းကျင်ခန့်ရှိပြီး မဟာမြိုင်ကြားကွက် တစ်ကွက်လျှင် ပြီးခဲ့သည့် သုံးနှစ်ခန့်က ကျပ်သိန်း နှစ်ထောင် ဝန်းကျင်ခန့်မှ လက်ရှိ ကျပ်သိန်း ၂၅၀၀ နှင့် ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ခန့်သို့ ဈေးမြင့်တက်သွားကြောင်း မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန် ရေကြီး မြို့ခံတွေ အခက်ကြုံ

               ရန်ကုန်မြို့မှာ မိုးကြီး ရေလျှံ ဖြစ်နေတဲ့ အတွက် မြို့တွင်း သွားလာသူတွေ ဒုက္ခရာက် ကြရသလို ကားတွေနဲ့ သွားသူတွေလည်း ကားရေနစ်လို့ ဖြစ်တဲ့ နေရာမှာ ပစ်ထားခဲ့ရသူတွေ ရှိသလို ကားထဲ ရေဝင်လို့ ရေခပ်ထုတ် နေရတဲ့ သူတွေလည်း ရှိနေပါတယ်။

ပုဇွန်တောင်ချောင်း ကလည်း ရေတက် ၊ လေရော မိုးရော ကျတာကလည်း နှစ်ရက် ရှိပြီ ဖြစ်တြာေBY ; သစ်ထူးလွင်ကာင့် မနေ့က မနက်က ဆိုရင် ပုဇွန်တောင်ချောင်း တံတားက ကွန်ကရစ် တိုင်တောင် ကျိုးသွားတယ်လို့

ပုဇွန်တောင်ဖက်မှာ နေထိုင်သူ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မီးကလည်း ပျက်ပြီး မိုးရွာရင် ရေတအားပါတယ်လို့ မြို့ခံက ဆိုပါတယ်။

ကားဘီးတွေ ရေမြုပ်တဲ့ အပြင် မြို့ထဲမှာ မီးပွိုင့်တွေမှာ ကားတွေက ရွေ့တယ် ဆိုရုံသာ သွားနေရတာကြောင့် တနေရာနဲ့ တနေရာ သွားဖို့ အချိန် အတော် ယူရတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းနေ လူထုအပြင် လှိုင်သာယာ စက်မှုဇုံဖက် အလုပ်ဆင်း ကြရတဲ့ သူတွေပါ မိုးထဲလေထဲ သွားလာကြတဲ့ အခါမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လှိုင်သာယာ စက်မှုဇုန် ကနေ ဘုရင်နောင် မီးပွိုင့်ကို ဖြတ်တာ ၁ နာရီခွဲ ကြာတယ်လို့ ကိုယ်တွေ့ ကြုံခဲ့တဲ့ ခရီးသွား တယောက်က ပြောပါတယ်။

လမ်းတလျှောက် ကားတွေက ရေဝင်လို့ ပျက်တာ တွေ အများအပြား တွေ့ရပြီး သီရိမွန် ပလာဇာ ဖက်ကဆိုရင် အနိမ့်ပိုင်း ဖြစ်တာကြောင့် ကားတွေဟာ ရေတောထဲ မောင်းနေသလိုမျိုး မြင်ရတယ်လို့ ဆိုပါတယ်။

လပြည့်ကျော် ရက်လည်းဖြစ် ရေကြီးမယ်လို့ မိုးလေ၀သ ခန့်မှန်းချက် ထုတ်ထားတဲ့ အတိုင်း ရေကြီး မိုးသည်းထန် တာကြောင့် ရန်ကုန်တမြို့လုံး ရေလွှမ်းသွားတယ်လို့ ပြောပါတယ်။

လူထု အနေနဲ့လည်း အစိုးရဆီက အကူအညီ ကလည်း မရ ၊ တယောက်ကို တယောက်လည်း မကူညီနိုင် ဖြစ်နေကြောင်း သိရပါတယ်။

မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်နားလိုက်ရ

တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း တည်ဆောက်တော့မည် မဟုတ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၁၅ခုနှစ်အတွင်း ယင်းစီမံကိန်းကို ရပ်နားလိုက်ခြင်းသည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် မြေဈေးနှုန်းမြင့်မားမှုများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက သြဂုတ် ၂၃ရက်နေ့က ပြုလုပ်သည့် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သိရသည်။
“စီမံကိန်းတစ်ခုလုပ်တော့မယ်ဆိုရင် မြန်မာ့မြေဈေးက မြင့်ပြီ။ ဒါကြောင့်မို့ ၂၀၁၅ခုနှစ်အထိ ယခုအစိုးရသက်တမ်းအတွင်း ဒလတံတား စီမံကိန်းကို ရပ်နားထားမယ်”ဟု ဦးစိုးသိန်းက ပြောသည်။

အဆိုပါ တံတား စီမံကိန်းကို ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးတို့အကြား နေပြည်တော်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ယခုတံတား စီမံကိန်း ပြုလုပ်ပေးရန်အတွက် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီး ကိုယ်တိုင် ဒလမြို့နယ်သို့ သွားရောက် လေ့လာပြီး ခြောက်လအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းတောင်ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတားထိုးမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့် နောက်ပိုင်း ဒလမြေဈေးသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ပြီး ယင်းတံတားထိုးမည့် စီမံကိန်းသည် ဒလမြို့နယ် ဒေသခံတို့၏ အိပ်မက်တစ်ခု ဖြစ်ခဲ့ကြောင်း ယင်းမြို့နယ်အတွင်းမှ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများက ပြောကြားသည်။

“အခုလို အစိုးရဘက်က တရားဝင် ပြောလိုက်ရင် ဒေသခံတွေတော့ အများကြီး နစ်နာပြီ။ မြေသာရှိပြီး သူတို့က တောင့်မခံနိုင်ဘူး။ ၂၀၁၅အထိဆိုရင် ကြာဦးမှာလေ။ စီမံကိန်းကတော့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီပြောကြားမှုကြောင့် မြေဈေးတွေ ထိုးကျပြီး မြေဝယ်စုသူတွေ အကြိုက်ဖြစ်သွားမယ်”ဟု အိမ်ခြံမြေ လုပ်သက်နှစ် ၂၀ခန့်ရှိသူ မချိုက ပြောသည်။

လက်ရှိတွင် ယင်းတံတား စီမံကိန်းကြောင့် အခြေခံမြေဈေးနှုန်းသည် မြေတစ်ကွက်လျှင် သိန်း ၃၅၀အထိ ဈေးရှိသော်လည်း ဝယ်မည့်သူမရှိပဲ စီမံကိန်းရပ်နားသည့် သတင်းကြောင့် ပေ ၅၀ပတ်လည် မြေကွက်ဈေးနှုန်းများ သိန်း ၁၅၀အောက် ထိုးကျသွားနိုင်ကြောင်း၊ ဒလအိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက ခန့်မှန်းသည်။

ဒလမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက “ရပ်နားမယ်ဆိုတာ မကြားသေးဘူး။ သြဂုတ်လ ၂၁ရက်ကတောင် ဆာဗေးအဖွဲ့တွေ ကျွန်တော့်ဆီကို လာခဲ့သေးတယ်”ဟု ပြောသည်။ ကျန်စစ်သား ရပ်ကွက်မှ ဦးထွန်းလှကလည်း “ဦးလေးတို့က သမ္ဗာန်စီးရတဲ့ ဒုက္ခက မလွတ်သေး ဘူးပေါ့”ဟု သူ၏ အမြင်ကို ပြောပြသည်။ ]

ယခုဆိုင်းငံ့လိုက်သည့် တောင်ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ရန်ကုန်မြစ်ဖြတ် ဒလတံတားသည် တံတားစီမံကိန်းအပြင် ဒလမြို့နယ် ဘက်ခြမ်း၌ တောင်ကိုရီးယား စက်မှုဇုန်တစ်ခုလည်း ပါဝင်မည့် အစီအစဉ်ဖြစ်ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိနေစဉ် အချိန်၌ ကိုရီးယားနိုင်ငံ သတင်းစာများတွင် ဖော်ပြခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ BY;သစ်ထူးလွင်

Foreign trade exceeds $7 billion for first quarter

In first three months of fiscal year 2013-14, Burma’s foreign trade hit over US $7 billion, an increase of 15 percent on the same period last year, according to data from the Ministry of Commerce.
Of the total trade volume, Burmese exports amounted to $3. 161 billion while imports totaled $3.919 billion, making a total of $7.080 billion. In the first three months of the 2012-13 period, exports amounted to $3.152 billion with imports standing at $3.010 billion, a total of $6,162 billion.
Dr. Maung Aung, an advisor to the Ministry of Commerce, said priority is currently given to the import sector as the country embarks on a period of building and renewed openness.
“We have given priority to importing goods and investments for the benefit of long-term economic development,” he said. “That is why the amount of imports has significantly increased.”
He said that although imports of rice and various beans have decreased, traders should expect a raise in those goods in the future. He added that Burma has seen a sharp rise in the import of commodities and raw materials in the industry sector.
Thailand, China and India remain Burma’s main exporting partners while China, Singapore and Japan are the top three importers from Burma.
Burma expects to reach a total of $25 billion in foreign trade for the entire 2013-14 fiscal year.
                                                          by ;DVB

Myanmar: A Blueprint for International Development?

I was never a good footballer. Besides an innate lack of ability, there was another reason for my ineptitude: The best footballers don’t chase madly after the ball as I did. They anticipate where the ball is going and move there. So it should be with international development.

Much is being made of the reopening of Myanmar to the global economy. Barely a week goes by without another multinational announcing a commitment to invest in the country. At the World Economic Forum (WEF) meeting last month, Coca-Cola (KO) Chief Executive Officer Muhtar Kent compared the opening of the company’s first Myanmar bottling facility to the fall of the Berlin Wall. That’s a grand vision. But really, what does all this economic development mean for a country with a population of 60 million mostly rural people, 76 percent of whom lack access to electricity and more than 90 percent of whom lack access to a mobile phone?

From a development perspective, Myanmar may be a blank canvas, but the brushes are digital. Myanmar has the potential to go beyond all the traditional emerging-market development models. Where once public-private partnerships (PPPs) were cutting edge, we now need to consider other, newer models, too. What, for example, are the appropriate roles of PPPs? As its economy reopens to large multinationals, now could be the perfect time to find out, and the country could become a blueprint for a new kind of international development.

Development efforts in Myanmar and other emerging-market economies have typically focused on leapfrogging, a term that conjures up an image of accelerated progress. Taken literally, though, leapfrog is just another playground game characterized by repetitive activity that leads to incremental change. To realize its promise as a development hub for global companies, however, Myanmar must strive for transformational change.

Myanmar and those investing in the country need to think big. Why focus on building an ATM network in Myanmar—an idea raised at one WEF summit discussion—rather than advancing directly to creating the ability to dispense mobile money?  What long-term value can be gained by investing in old technology?

A much better idea for Myanmar is the development of a mobile network. In June the government awarded two major contracts for developing such a network. As the project takes shape, the successful bidders should give serious thought to rural off-grid electrification, which creates both business and development challenges and opportunities. Successful rural electrification can help transform agriculture by providing mobile-enabled services such as microfinance, crop insurance, or weather information. Additionally, electrification and mobile connectivity can significantly improve the prospects for developing a next-generation health system.

Addressing the health-care challenge need not be confined solely to health-care companies. Since Coca-Cola and PepsiCo (PEP) have ambitions in Myanmar, what role might they play in transforming health distribution systems for essential medicines by bringing their supply-chain expertise to bear? And in education, how might the growing financial-services community turn the economic potential of Myanmar’s talent into an “asset class” for investment today?

To be clear, this is not about ignoring the critical role of government; it’s about changing it from acting as a “service deliverer” to a “choreographer” across a diverse set of partners and stakeholders.

Myanmar is a rich country filled with poor people who have high hopes. Meeting their expectations will require a new approach to economic development: namely a strategy for footballers—not leapfroggers—that can successfully marry the best of the old with the best of the new.

Lower House signs off on $100m loan from Chinese bank

Burma’s lower house of parliament on Thursday agreed to borrow US$ 100 million dollar from the Export-Import Bank of China that will be used to fund cooperatives across Burma.
During Thursday’s lower house session, the cooperatives minister along with the minister of commerce presented the plan to MPs.
Speaking to DVB on Thursday, Lower House MP Phe Than said the house agreed to borrow the money and called on the Ministry of Cooperatives to present a detailed plan on how they will use the loans to the parliament.
According to Lower House MP Phyo Min Thein, the Ministry of Commerce will be tasked with borrowing the sum, while the Ministry of Cooperatives will then implement a plan that will distribute small grants.
“Nearly $700 million dollars will be borrowed from the bank. As a first step, $ 100 million will be borrowed. The interest rate is high at 4.5 percent and the service fee is one percent,” said Phyo Min Thein.
“We should take risks because of the high interest and service rate. It is good if it benefits the people. But, practically speaking, the benefits to people will be considerable,” he said.
                              By ;DVB