This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label Market. Show all posts
Showing posts with label Market. Show all posts

Tuesday, September 10, 2013

South Korea to construct natural gas and waste-fired power plant

                                
                             
                                 The project site to build the plant in Yangon (Photo - EMG)

A South Korean company plans to invest between US$500 million to US$700 million to construct 500 Mega watts gas-fired and waste-fired power plant, according to company sources.
The state-owned Korea Western Power Corporation will implement the project in cooperation with Myanmar’s Hexa Group of Companies. The plant will be located in Yangon and is the first foreign investment in the electricity generating sector in line with the Foreign Investment Law.
"Our company will work together with the Korean company as a local partner. We have already signed Memorandum of Understanding (MoU) with Ministry of Electrical Power. We will start implement the project once we finished the deal. Now we are levelling the ground with sand and making ground testing. We will construct the project in 50 acres land plot next to Tharkayta power plant owned by the ministry," said Dr. Sone Han, Chairman of Hexa Group of Companies.
The project is mainly intended to provide electricity to Thilawa Special Economic Zone. Currently the company is in negotiation with the Ministry of Electrical Power and doing its own environmental impact assessment for the project, according to Mr. Lim Soung Tai, Managing Director of the Korean company.
Korea Western Power Corporation is owned by the South Korean government. Myanmar Investment Commission has already allowed Toyo-Thai Corporation Public Company to use Build-Operate-Transfer system to build a natural gas-fired and waste-fired power plant in Yangon in January 2013.

Wednesday, August 28, 2013

ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် ဈေးနှုန်းများ ဆက်တိုက်ကျဆင်း လာသော်လည်း လျှောက်ထားသူ ကျဆင်းခြင်း မရှိ

Wednesday, 28 August 2013


ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် ဈေးနှုန်းများမှာ ဆက်တိုက် ကျဆင်းလျက် ရှိသော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် လျှောက်ထားသူများ ပိုမို များပြားလာကြောင်း သိရသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် လျှောက်ထားကြသူ အများစုမှာလည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် မဲပေါက်ပါက ကိုင်ဆောင် အသုံးပြုရန် မဟုတ်ဘဲ ပြန်လည် ရောင်းချရန် အတွက် လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲစနစ်ဖြင့် ကနဦး ရောင်းချစဉ် ကာလက ငွေကျပ် ၁၅ဝဝ တန် CDMA, WCDMA ဆင်းကတ်များမှာ ပြင်ပ ဈေးကွက်များတွင် ငွေကျပ် ၈ဝဝဝဝ အထိ ပေါက်ဈေး ရှိခဲ့ပြီး ငွေကျပ် ၁၅ဝဝ တန် GSM ဆင်းကတ်များမှာ ငွေကျပ် ၁၂ဝဝဝဝ အထိ ဈေး ပေါက်လျက် ရှိကြောင်း သိရသည်။

သို့သော် ယခုအခါတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ Telenor နှင့် Ooredoo ကုမ္ပဏီ နှစ်ခုမှ မြန်မာ့ ဆက်သွယ်ရေး လောကတွင် 3G, 4G အစရှိသော Network များကို မကြာမီ အကောင် အထည် ဖော်မည်ဆိုသည့် သတင်းများကြောင့် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် ဈေးနှုန်းများလည်း ဆက်တိုက် ကျဆင်းလာကြောင်း သိရသည်။

''၁၅ဝဝ တန် ဆင်းကတ် ဈေးနှုန်းတွေက ဆက်တိုက် ကျလာတယ်။ အရင်က CDMA, WCDMA ဈေးနှုန်း တွေက ၈ဝဝဝဝ လောက် ဈေးပေါက်ပေမဲ့ အခုဝယ်တဲ့ သူတွေက လေးသောင်းကျော်ကျော်ပဲ ပေးတော့တယ်။ GSM တွေ မဲဖောက်ပေးတာက တစ်ခုပဲ ရှိတယ်။ ပထမဆုံး မဲဖောက်ပေးတဲ့ အချိန်ပဲ ပေါက်ဈေးတွေက ၁၂ဝဝဝဝ လောက် ရှိခဲ့တယ်။ ဒါပေမဲ့ အခု ၇ဝဝဝဝ လောက်ပဲ ရှိတော့တယ်။ ဒါတောင် ဝယ်တဲ့သူတွေက နည်းနည်း ရှားသွားပြီ'' ဟုယုဇနပလာဇာမှ ဖုန်း အရောင်းအဝယ် ပြုလုပ်သူ တစ်ဦးက ပြောကြားခဲ့သည်။

ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်ဈေးနှုန်းများ ဆက်တိုက် ကျဆင်း လာသော်လည်း လျှောက်ထားသူများ ပိုမို များပြားလာကြောင်း၊ ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ မဲပေါက်ပါကလည်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် များနှင့် ချိတ်ဆက်၍ ပြန်လည် ရောင်းချကြကြောင်း သိရသည်။

''ဒီရက်ပိုင်း ရပ်ကွက်ရုံးမှာ မဲဖောက်ပေးမှာ။ မဲပေါက်ရင်တော့ ပြန်ရောင်းမယ်။ အခု ၁၅ဝဝ တန် GSM ဆင်းကတ် ပေါက်ဈေးက ၈ဝဝဝဝ နီးပါး ရှိသေးတယ်လို့ ကြားတယ်။ နောက်ပိုင်း ပြည်ပကုမ္ပဏီတွေ ဝင်လာရင် ဆင်းကတ်တွေက ပေါလာမှာ။ အခုဈေးရတုန်း ရောင်း ရမယ်။ ပြည်ပကုမ္ပဏီတွေ ဝင်လာရင် ဖုန်းလိုင်းကလည်း အခုထက် အများကြီး ကောင်းမှာ'' ဟု ပြည်သူ တစ်ဦးက ပြောကြားခဲ့သည်။

တန်ဖိုးနည်း ငွေကျပ် နှစ်သိန်းတန် ဆင်းကတ်များမှာလည်း ယခုအခါ ငွေကျပ် တစ်သိန်းခွဲ ဝန်းကျင်သာ ပေါက်ဈေး ရှိနေပြီး ငွေကျပ် ငါးသိန်းတန် ဆင်းကတ်များမှာ ယခုအခါ နှစ်သိန်း ဝန်းကျင်သာ ပေါက်ဈေး ရှိကြောင်း သိရသည်။
မြ၀တီ 

Monday, August 26, 2013

Ford Motor to launch auto show room in Yangon

The Ford Motor Company will launch an auto show room, spare parts and services centre in Yangon in September, according to company officials.
The centre will be located in Hlaing Township, in Yangon, displaying a variety of the latest Ford cars being sold around the world.
The US-based automaker is popular in Myanmar and they aim to provide first rate services to customers. The Ford will sell and distribute Sedan, SUV and trucks in for the first time. Ford Motor Company joined hands with Capital Automotive Ltd and long partner of RMA to partner in their business.
Ford Motor will provide services to the customers through certified mechanics who are being trained at RMA Academy.
Ford Motor Company is an American multinational automaker and was founded by Henry Ford in 1903. The company sells cars and commercial vehicles under their Ford brand and luxury cars under the Lincoln brand.
Capital Automotive Ltd is subsidiary of Capital Diamond Star Group and it is also a partner of Diamond Star Company. The Capital Diamond Star Group earns US$400 million annually and joined with Pepsi Company, the soft drink maker in 2012.

Saturday, August 24, 2013

မန္တလေးနန်းရှေ့အိမ်၊ ခြံ၊ မြေဈေး အဆမတန်မြင့်တက်

ရန်ကုန်၊ သြဂုတ် ၂၃

အာရှသုံးနိုင်ငံ၏ စီးပွားရေးဗဟို ချက်ဖြစ်လာမည့် မန္တလေးမြို့တော် နန်းရှေ့ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ ပြီးခဲ့သည့် သုံးနှစ်ခန့်က ပေါက်ခဲ့သည့် အိမ်၊ ခြံ၊ မြေ၊ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်တက်သွားကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးနန်းရှေ့ အိမ်၊ ခြံ၊ မြေဈေး မြင့်တက်ရခြင်းမှာ နန်းရှေ့သည် မန္တလေး မြို့သစ်နှင့် နှိုင်းယှဉ်ပါက ဈေးချိုနှင့် ပိုနီးခြင်းကြောင့် နေထိုင်သူများ ဝယ်ယူမှု များလာပြီး ယင်းကဲ့သို့ ဈေးအဆမတန် မြင့်တက်သွားရခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေလင်းအောင်က ပြောကြားသည်။

“မြို့သစ်မှာ တစ်ထောင်၊ ထောင့်ငါးရာ ပေးနေမယ့်အစား မြို့သစ်ထက်စာရင် ဈေးချိုနဲ့နီးတဲ့ နန်းရှေ့မြေကွက်တွေကို နေသူတွေ ကြိုက်တဲ့သဘောပေါ့။ မြို့တွင်းမှာ အမွေဆိုင်ကို ရောင်းပြီးတဲ့သူတွေ အများစုက နန်းရှေ့ကြားကွက် တစ်ထောင်၊ ထောင့်ငါးရာတန်တွေ ဝယ်ကြတယ်” ဟု ဦးနေလင်းအောင်က ဆိုသည်။

လက်ရှိ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကျောက်မျက်လုပ်ငန်းရှင် များနှင့် ကောက်ပဲသီးနှံ ရောင်းဝယ်ရေး လုပ်ကိုင်သူများ အရောင်းအဝယ် ကောင်းနေသောကြောင့် နန်းရှေ့ အိမ်၊ ခြံ၊ မြေများ အပါအဝင် မြို့တွင်းနှင့် လယ်ယာမြေများ အရောင်းအဝယ် ကောင်းလျက် ရှိကြောင်း၊ ပြီးခဲ့သည့် အိမ်၊ ခြံ၊ မြေ ဈေးကောင်းခဲ့သည့် ၂၀၁၀ ပြည့်နှစ် အိမ်၊ ခြံ၊ မြေပေါက်ဈေး နှုန်းများကိုမီရန် ၁၀ ရာခိုင်နှုန်းခန့်သာ လိုတော့ကြောင်း မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဦးကျော်ဝင်းက ပြောကြားသည်။

မန္တလေးနန်းရှေ့ အိမ်၊ ခြံ၊ မြေ ပေါက်ဈေးများမှာ ပြီးခဲ့သည့် သုံးနှစ်ခန့်က ပေ ၃၀ ထ ၆၀ ကြားကွက် တစ်ကွက်လျှင် ကျပ်သိန်း ၅၀၀၊ ၆၀၀ ခန့်သာ ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်သိန်းတစ်ထောင် ဝန်းကျင်ခန့်ရှိပြီး မဟာမြိုင်ကြားကွက် တစ်ကွက်လျှင် ပြီးခဲ့သည့် သုံးနှစ်ခန့်က ကျပ်သိန်း နှစ်ထောင် ဝန်းကျင်ခန့်မှ လက်ရှိ ကျပ်သိန်း ၂၅၀၀ နှင့် ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ခန့်သို့ ဈေးမြင့်တက်သွားကြောင်း မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ အလိုက် မြေဈေးများသတ်မှတ်

နေပြည်တော်၊ သြဂုတ် ၂၃

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ ပါသည့် ဈေးနှုန်းတွက်ချက်သည့် အဖွဲ့ထံမှ တောင်းခံထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာအလိုက် မြေဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နေရာအလိုက် ဝင်ဒါမီယာဆို ဘယ်ဈေး၊ မြောက်ဒဂုံဆို ဘယ်ဈေး၊ တစ်ပေပတ်လည်နှုန်းနဲ့ တွက်ချက်ထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ယင်းသို့ နေရာဒေသအလိုက် ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ထားသည့် မြေဈေးနှုန်းများကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ယင်းပေါက်ဈေးအတိုင်း အခွန်အခများ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“မြေဈေးတွေ တစ်ပေနှုန်းသတ်မှတ်ရင် သတ်မှတ်တဲ့အတိုင်း အခွန်တော့ရမယ်၊ မြေဈေးတော့ ကျသွားမှာ မဟုတ်ဘူး။ ကြိုက်ရောင်းကြိုက်ဝယ် မြေမှောင်ခို ဈေးကွက်သဘောတွေ ရှိလာမယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က သုံးသပ်သည်။

မြေဈေးနှုန်းကို ယင်းသို့ သတ်မှတ်ပါက စာချုပ်ပေါ်တွင်သာ သတ်မှတ်နှုန်းဖြင့် စာချုပ်ချုပ်ဆိုသော်လည်း ဈေးနှုန်း ပိုပေးဝယ်ခြင်းမျိုးကို အစိုးရက ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီလိုဈေးနှုန်း သတ်မှတ်လို့ မြေဈေး မကျနိုင်ဘူး။ ဈေးကွက် သဘောအရဈေးက ဝယ်သူရှိရင် ဆက်တက်နေမှာပဲ” ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ယင်းသို့ သုံးသပ်နေသော်လည်း ယခုဆောင်ရွက်ချက်မှာ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး ကျဆင်းစေရေး အစိုးရ၏ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး နောက်ဆက်တွဲ ဆက်တိုက်လုပ်ဆောင်မည့် အစီအစဉ်များ ရှိသည်ဟု ယူဆရကြောင်း၊ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး မြင့်တက်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးစေမှုတို့တွင် ကြီးစွာသော အဟန့်အတား ဖြစ်နေသဖြင့် အစိုးရက မြေဈေးကျဆင်းစေရန် ကာလအတန်ကြာကပင် စီစဉ်ထားသည်ဖြစ်ရာ ဆင့်ကဲလုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပေါ်လာမည် ထင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

မြေဈေးနှုန်း ကြီးမြင့်မှုကို တားဆီးရာတွင် တဇွတ်ထိုး ဆောင်ရွက်၍ မရသည်ကို သိရှိကြောင်း၊ ယခုအခါ အခွန်အဖွဲ့ (Tax Monitoring Board) ကို ဖွဲ့စည်းထားပြီးနောက် အခွန်အခများ ပိုမို ကောက်ခံသည့် နည်းဖြင့်သာ မြေဈေးနှုန်းများကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုတွေနှေးတာ မြေဈေးကလည်း အဓိကအကြောင်း ဖြစ်နေတော့ အဲဒါ ပြန်စိစစ်ပြီး အခွန်နဲ့ ထိန်းမယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာဈေးနှုန်း တွက်ချက်သည့် လုပ်ငန်းကို သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးစီ ပါဝင်သည့် ဈေးနှုန်းတွက်ချက်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

စီမံကိန်းသတင်းများနှင့် အခြားဆက်စပ် အကြောင်းအရာ များကြောင့် မြေဈေးနှုန်းများ မြင့်တက်ရခြင်းမှာ လောင်းကစား ပြုလုပ်လိုသည့် အလေ့အထများကြောင့်ဖြစ်ပြီး ယင်းဖြစ်ရပ်များကို ထိန်းသိမ်းရန် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် နေရာတစ်ခု ဖြစ်လာရေးအတွက် ၂၀၁၅ ခုနှစ်အမီ စတော့အိတ်ချိန်းတစ်ခုကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ထောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေများကို ငွေပိုငွေလျှံ ရှိသူများက လုပ်ငန်းတစ်ခုသဖွယ် အကျိုးအမြတ်ရရှိရန် ဈေးကစားမှုကြောင့် ကာလအတန်ကြာကပင် မြေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် အစိုးရသစ်လက်ထက်တွင် ဝင်ရောက်လာရန်ရှိသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဈေးကိုင်ထားနိုင်ရန် အတွက်လည်း ငွေပိုငွေလျှံ ရှိသူများက မြေကွက်များကို ဈေးမြင့်ပေးဝယ်ကာ ကိုင်ထားကြ၍ ပြည်တွင်းမြေဈေးများ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

Friday, August 23, 2013

ငွေကျပ် ၁၅ဝဝ တန် ဖုန်းလိုင်း ကတ်များ ပြင်ပ ပေါက်ဈေး မြင့်နေသော်လည်း ဈေးကွက် အတွင်း ရောင်းချရန် ကတ် ပြတ်လပ် လျက်ရှိ

ရန်ကုန်  သြဂုတ်  ၂၂
ရန်ကုန် မြို့တွင်းရှိ မိုဘိုင်းလ်ဖုန်း ဆိုင်များတွင် ငွေကျပ် ၁၅ဝဝ တန် တန်ဖိုးနည်း ဖုန်းများဖြစ်သည့် CDMA 800MHz နှင့် GSM လိုင်းကတ်များမှာ ပြင်ပပေါက်ဈေး အမြင့်ဆုံး ရှိနေသော်လည်း
ဈေးကွက်အတွင်း ရောင်းချရန် ကတ်မရှိလောက်အောင် ပြတ်လပ်လျက် ရှိကြောင်း ဖုန်း ရောင်းဝယ်ရေး ဈေးကွက် အတွင်းမှ စုံစမ်း သိရသည်။ သြဂုတ် ပထမပတ်နှင့် ဒုတိယပတ်တွင် ငွေကျပ် ၁၅ဝဝ တန် ဖုန်းလိုင်းကတ်များ ဝယ်လို အားနှင့် ရောင်းလိုအား မြင့်တက်ခဲ့ပြီး ယခုအခါ ဈေးကွက်အတွင်း CDMA 800MHz နှင့် GSM လိုင်းကတ် များမရှိသလောက် ရှားနေကြောင်း ယင်းကာလအ တွင်း ငွေကျပ် နှစ်သိန်းတန် GSM လိုင်းကတ်များကို ပြန်လည် ရောင်းချခြင်းများလည်း ပိုမို များပြားခဲ့ကြောင်း သိရသည်။
''ဆိုင်တိုင်းမှာ လိုင်းကတ် ရောင်းစရာမရှိ ဖြစ်နေတယ်။ ရှိတဲ့ဆိုင် အနည်းအကျဉ်းကလည်း ဈေးကို ပိုမြှင့်ပြီး ရောင်းချ နေကြတယ်။ ဝယ်ယူသူတွေကလည်း ဘယ်ဈေးပဲ ဖြစ်ဖြစ် ဝယ်နေကြတာပါပဲ'' ဟု ယုဇနပလာဇာ အနီးရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။
ပြင်ပဈေးကွက် အတွင်း ငွေကျပ် ၁၅ဝဝ တန် CDMA 800MHz လိုင်းကတ် တစ်ကတ်လျှင် ငွေကျပ် ၈ဝဝဝဝ မှ ငွေကျပ် ၉၅ဝဝဝ အထိ ဈေးမြင့်လျက်ရှိပြီး မကြာမီသေးက ထွက်ရှိသည့် တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဖုန်းလိုင်း GSM ကတ် တစ်ကတ်လျှင် ငွေကျပ် တစ်သိန်းခွဲ အထိ ဈေးနှုန်းရှိကြောင်း စာချုပ်နှင့် မှတ်ပုံတင် မိတ္တူ ရှိပါက အရောင်းအဝယ် ဖြစ်ကြကြောင်း သိရသည်။