Friday, August 23, 2013

ငွေကျပ် ၁၅ဝဝ တန် ဖုန်းလိုင်း ကတ်များ ပြင်ပ ပေါက်ဈေး မြင့်နေသော်လည်း ဈေးကွက် အတွင်း ရောင်းချရန် ကတ် ပြတ်လပ် လျက်ရှိ

ရန်ကုန်  သြဂုတ်  ၂၂
ရန်ကုန် မြို့တွင်းရှိ မိုဘိုင်းလ်ဖုန်း ဆိုင်များတွင် ငွေကျပ် ၁၅ဝဝ တန် တန်ဖိုးနည်း ဖုန်းများဖြစ်သည့် CDMA 800MHz နှင့် GSM လိုင်းကတ်များမှာ ပြင်ပပေါက်ဈေး အမြင့်ဆုံး ရှိနေသော်လည်း
ဈေးကွက်အတွင်း ရောင်းချရန် ကတ်မရှိလောက်အောင် ပြတ်လပ်လျက် ရှိကြောင်း ဖုန်း ရောင်းဝယ်ရေး ဈေးကွက် အတွင်းမှ စုံစမ်း သိရသည်။ သြဂုတ် ပထမပတ်နှင့် ဒုတိယပတ်တွင် ငွေကျပ် ၁၅ဝဝ တန် ဖုန်းလိုင်းကတ်များ ဝယ်လို အားနှင့် ရောင်းလိုအား မြင့်တက်ခဲ့ပြီး ယခုအခါ ဈေးကွက်အတွင်း CDMA 800MHz နှင့် GSM လိုင်းကတ် များမရှိသလောက် ရှားနေကြောင်း ယင်းကာလအ တွင်း ငွေကျပ် နှစ်သိန်းတန် GSM လိုင်းကတ်များကို ပြန်လည် ရောင်းချခြင်းများလည်း ပိုမို များပြားခဲ့ကြောင်း သိရသည်။
''ဆိုင်တိုင်းမှာ လိုင်းကတ် ရောင်းစရာမရှိ ဖြစ်နေတယ်။ ရှိတဲ့ဆိုင် အနည်းအကျဉ်းကလည်း ဈေးကို ပိုမြှင့်ပြီး ရောင်းချ နေကြတယ်။ ဝယ်ယူသူတွေကလည်း ဘယ်ဈေးပဲ ဖြစ်ဖြစ် ဝယ်နေကြတာပါပဲ'' ဟု ယုဇနပလာဇာ အနီးရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။
ပြင်ပဈေးကွက် အတွင်း ငွေကျပ် ၁၅ဝဝ တန် CDMA 800MHz လိုင်းကတ် တစ်ကတ်လျှင် ငွေကျပ် ၈ဝဝဝဝ မှ ငွေကျပ် ၉၅ဝဝဝ အထိ ဈေးမြင့်လျက်ရှိပြီး မကြာမီသေးက ထွက်ရှိသည့် တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဖုန်းလိုင်း GSM ကတ် တစ်ကတ်လျှင် ငွေကျပ် တစ်သိန်းခွဲ အထိ ဈေးနှုန်းရှိကြောင်း စာချုပ်နှင့် မှတ်ပုံတင် မိတ္တူ ရှိပါက အရောင်းအဝယ် ဖြစ်ကြကြောင်း သိရသည်။

0 comments:

Post a Comment